Installment Plan Info

Aeon
e-city တွင်ရောင်းချပေးလျက်ရှိသော Electronics ပစ္စည်းများကို ၆ လ မှ ၁၈ လ အထိ လစဉ်ပေးချေမှုစနစ်ဖြင့် ဝယ်ယူရရှိနိုင်ကြောင်း ရှင်းပြပေးချင်ပါတယ်။

 

e-city မှာ ဝယ်ယူအားပေးလျက်ရှိတဲ့ မိတ်ဟောင်း မိတ်သစ် Customer တို့ ဝယ်ယူရအဆင်ပြေအောင် e-city မှာရောင်းချပေးလျက်ရှိသော Electronics ပစ္စည်းများကို AEON S-Loan Scheme ဖြင့် ၆ လ မှ ၁၈ လအထိ လစဉ်ပေးချေမှုစနစ်ဖြင့် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
အများဆုံးငွေကျပ် သိန်း 20 ထိ ချေးငွေရရှိနိုင်မှာဖြစ်ပြီး ယခင်က Mobile ၀ယ်ယူမယ်ဆိုရင် လစာရဲ့တစ်ဆခွဲသာ ချေးငွေရရှိခဲ့ရာမှ ယခု Mobile ဝယ်ယူသည်ဖြစ်စေ Electronics ပစ္စည်းဝယ်ယူသည်ဖြစ်စေ လစာရဲ့နှစ်ဆ အများဆုံးချေးငွေရရှိမှာဖြစ်တဲ့အပြင် ချေးငွေလျှောက်ထားတဲ့အခါ တစ်ကြိမ်တည်းမှာပင် ပစ္စည်းနှစ်မျိုးကို လစဉ်ပေးချေမှုစနစ်ဖြင့် ဝယ်ယူနိုင်မှာဖြစ်လို့ ယခင်ကထက် ဝယ်ယူရတာ ပိုမိုအဆင်ပြေချောမွေ့လာစေမှာပါ။

 

AEON S-Loan Scheme ဖြင့်ဝယ်ယူဖို့အတွက် လိုအပ်တဲ့အချက်အလက်တွေကတော့
(၁) မှတ်ပုံတင်မိတ္တူ ၊
(၂) ၁ လအတွင်းရယူထားသော ရပ်ကွက်အတွင်းနေထိုင်ကြောင်း ထောက်ခံစာ မူရင်း၊
(၃) အိမ်ထောင်စုစာရင်းမိတ္တူ (သို့) ၁ လအတွင်း ရယူထားသော ရဲစခန်းထောက်ခံစာ မူရင်း (သို့) ယာယီဧည့်စာရင်း မိတ္တူ
(၄) ၀န်ထမ်းဖြစ်ကြောင်းထောက်ခံစာမူရင်း (လက်ရှိအလုပ် လုပ်ကိုင်နေကြောင်း)
(ကုမ္ပဏီ Letter Head (သို့) ရုံးတံဆိပ်တုံးဖြင့် တာဝန်ရှိသူတစ်ဦးရဲ့လက်မှတ်ပါရှိရပါမယ်။)
(၅) အာမခံသူရဲ့မှတ်ပုံတင် မိတ္တူ ၊ စတာတွေ လိုအပ်ပါမယ် ။
AEON S-Loan Scheme ဖြင့် ၀ယ်ယူလိုပါက အောက်တွင်ဖေါ်ပြထားသောအဆင့်များအတိုင်း လွယ်ကူစွာလျှောက်ထားကာ ချိတ်ဆက်ဝယ်ယူရရှိနိုင်မှာပါ။
လစဉ်ငွေပေးချေမှုစနစ်ဖြင့် ပစ္စည်းဝယ်ယူတော့မယ်ဆိုလျှင်…..
(၁) e-city ဆိုင်များတွင် ထားရှိပေးထားသော လျှောက်လွှာ ကိုရယူပါ ။
(၂) မိမိ လစဉ်ချေးငွေဖြင့် ရယူလိုသော ကုန်ပစ္စည်းကို ရွေးချယ်ပါ။ လိုအပ်သော စာရွက်စာတမ်းများကို ချေးငွေလျှောက်ထားသူမှ ပြည့်စုံစွာ ပူးတွဲတင်ပါ။
(၃) သက်ဆိုင်ရာဌာနမှ စစ်ဆေးဆုံးဖြတ်ပြီး ပျမ်းမျှ ကြာချိန် ၃ရက်အတွင်း ပြန်လည်အကြောင်းကြားပေးသွားမှာဖြစ်ပါတယ်။
(၄) အကြောင်းကြားချက်ရရှိပြီးနောက် လျှောက်ထားသူမှ ရွေးချယ်ထားသော ပစ္စည်းကို မိမိ လျှောက်လွှာတင်ထားခဲ့သော ဆိုင်တွင် လာရောက်ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။
(၅) လစဉ် ၂ ရက်နေ့တိုင်း မိမိရွေးချယ်ထားတဲ့ လအလိုက် ချေးငွေ နှင့် အတိုးနူန်းကိုပြန်လည်ပေးဆပ်ရမှာ ဖြစ်ပါတယ်။

 

AEON S-Loan Scheme ဟာ ၆လ ၊၉လ၊ ၁၂လ နှင့် ၁၈လ ရှိပြီး AEON S-Loan Scheme လျှာက်ထားလိုသူများဟာ မိမိအဆင်ပြေမယ့်လကို ရွေးချယ်ကာ လျှောက်ထားနိုင်မှာဖြစ်ပြီး သတ်မှတ်ထားတဲ့ အတိုးနူန်း (၁.၄) % ကို လစဉ် ငွေပေးချေရမှာ ဖြစ်ပါတယ်၊၊

 

လျှောက်ထားလိုသူများဟာ အသက် ၁၈ နှစ်မှ ၆၀ နှစ်အတွင်း လစဉ် ပုံမှန် ဝင်ငွေရှိသူဖြစ်ပြီး ရန်ကုန် နှင့် မန္တလေးမြို့ရှိ e-city ဆိုင်ခွဲများမှာ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

 

AEON S-Loan Scheme အကြောင်းကို အသေးစိတ်သိရှိလိုပါက

e-city ဆိုင်ခွဲများနှင့် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

ရုံးဖုန်း – 01-662673, 651883 Ext – 208

မိုဘိုင်းဖုန်း – 09-420 126 694, 09-976 063 013